Natalie Han
Principal of Aqualand Myanmar
မင်္ဂလာပါ။.
Korea Model Association မှ ၉ နှစ်ကျော် အောင်မြင်စွာ ကျင်းပလာတဲ့ “Asia Beauty Festival” ပွဲကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပွဲကြီးကို တာဝန်ယူ ဆောင်ရွက်နေတဲ့ Natalie Han ဖြစ်ပါတယ်။
မန်မာနိုင်ငံဟာ နှစ် ၅၀ အတောအတွင်း သော့ပိတ်ပြီး သံချေးတက်နေတဲ့ ဂိတ်တံခါးကြီးကို ဖွင့်ချလိုက်ပြီး တံခါးဖွင့် ဥပဒေကို အကောင်အထည် ဖော်လာတာ ၂ နှစ်နီးပါး ရှိလာပါပြီ။
အခုဆို ကမ္ဘာကြီးရဲ့ အာရုံစူးစိုက်မှုကို အပြည့်အ၀ ရရှိနေတဲ့ ဒီနိုင်ငံမှာ Myanmar Aqualand က 2012ခုနှစ်မှ စပြီး KMA နဲ့ လက်တွဲကာ “Face of MYANMAR” ပွဲကြီးကို ပံ့ပိုးကူညီရင်း ကြီးမှူးကျင်းပလာခဲ့ပါတယ်။
စတင်ခဲ့တဲ့ အချိန်မှာဆိုရင်လည်း အပြည့်အ၀ တံခါးမဖွင့်သေးခဲ့တဲ့ အချိန်ဖြစ်တဲ့ အတွက် KMA မှ တောင်းဆိုလာတဲ့ မော်ဒယ်တွေရဲ့ သတ်မှတ်ချက်တွေနဲ့ တင်းကြပ်တဲ့ ရွေးချယ်မှုဆိုင်ရာ စည်းမျဉ်းတွေကို နားလည်နိုင်အောင် သင်ပြပေးရင်း ဖိုင်နယ်ပွဲကြီးအထိ အရောက်သွားခဲ့ရတဲ့ လမ်းဟာ အရမ်းကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။
ဒါပေမဲ့လည်း ပုန်းကွယ်နေတဲ့ ကျွန်မတို့ရဲ့ ရတနာလေးတွေက ကျွန်မကို လုံးဝ စိတ်မပျက်စေခဲ့ပါဘူး။
ပထမဦးဆုံး နိုင်ငံတကာ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မှု ဖြစ်တဲ့ “ 2013 ခုနှစ် Asia New Star Model Contest” ပွဲကြီးမှာပဲ အရမ်းကို ထူးချွန်ပြောင်မြောက်စွာ ပထမဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နယ်ဒေသလေးမှာ မွေးဖွားပြီး နာမည်မရှိသေးတဲ့ ‘Tun Ko Ko’ ဟာ ၁၅ နိုင်ငံက ကိုယ်စားပြု မော်ဒယ်တွေ အားလုံးကို ဖြတ်ကျော်ပြီး ပထမဆုကြီးကို ဆွတ်ခူးခဲ့ကာ အံ့မခန်း ရလဒ်တွေကို ယူဆောင်လာပေးခဲ့ပါတယ်။
‘Tun Ko Ko’ ဟာ အောင်မြင်ခြင်း တံခါးကြီးကနေ စတားဆိုတဲ့ ထိပ်သီးနေရာဆီ ရောက်အောင် လှမ်းနိုင်တယ်ဆိုတဲ့ `အိပ်မက်`ကို အကောင်အထည် ဖော်နိုင်ကြောင်း သက်သေပြပေးခဲ့တဲ့အပြင် လူငယ်တွေ အားလုံးအတွက် မျှော်လင့်ချက်ကို ယူဆောင်လာပေးတဲ့ စံပြမော်ဒယ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် ‘Face of Myanmar” ပွဲကြီးဟာ အိပ်မက်တွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်တွေ အားလုံးအတွက် ပထမဦးဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။
“Face of MYANMAR” ပွဲကြီးကနေ တစ်ဆင့် အာရှကို ကျော်လွှားပြီး နိုင်ငံတကာ ပွဲတွေကို ဦးတည် ရှေ့ဆက်သွားနိုင်မယ့် အနာဂတ်ရဲ့ မိမိ ပုံစံကို တွေးမျှော်ကြည့်လိုက်ပါ။ ပြီးရင် ယှဉ်ပြိုင်လိုက်ပါ။
မိမိရဲ့ အိပ်မက်တွေကို လက်တွေစ်လာစေဖို့အတွက် ကြိုးစားနေတဲ့ လူငယ်တွေ အားလုံးနဲ့ အတူ အားမာန်အပြည့်နဲ့ ပထမခြေလှမ်းကို အတူ စတင်လိုပါတယ်။
ကျေးဇူးတင်ပါတယ်။